ThetHtetZaw-TZip Vlog
Brought to you by:
tzip
**ကျေးဇူးတင်ပါတယ် **
-----------------------
ကျေးဇူးတင်ပါတယ် ဘ၀မှာ ကျနော့်ကိုတစ်ယောက်တည်း ပစ်ပယ်ပြီး မုန်းတီးခဲ့သည့် အမျိုးသမီး အပေါင်းကိုလည်း ကျေးဇူးတင် ပါသည်.....
ကျေးဇူးတင်ပါတယ် မတူ/မတန်ဘူးထင်လို့ အယူခံ၀င်ရန်လမ်းမပေး ဖင်ခံ (သို့မဟုတ်) သေဒဏ်လမ်းရွေး အမိန့်ချခဲ့သူအပေါင်း ကို လည်း ကျေးဇူးတင်ပါတယ်.....
ကျေးဇူးတင်ပါတယ် မာယာများတဲ့ လောကဓံ မုန်တိုင်းတွေထဲ ရုန်းကန်
နေထိုင်ခြင်းထက် / မရှုံးမပေးပဲ ရှင်ကျန်ရစ် နေထိုင်တက်အောင် ဘ၀သင်ခန်းစာပေးခဲ့သူအပေါင်းကိုလည်း ကျေးဇူးတင်ပါကြောင်း.....
ပေဖြစ်တုန်းက ပြုံးပြုံးလေးနဲ့ ကျုပ်အထု/အရိုက်ခံခဲ့ရသမျှ
ကျုပ်သံမဏိလိုပြန်ဖြစ်လို့ မာကျော တဲ့တစ်နေ့ သံဿရာတကွေ့ကွေ့ပြန်ဆုံကြတဲ့အခါဝယ် အမုန်းတေးထပ်ကဗျာတွေတော့ မရေးဆိုကြကြေး
အပြုံးလေးနဲ့ ပြန်ခံစားရဖို့အတွက် နှလုံးအေးရအောင် ရွှေကျင်နှလုံးသည်းခြေဆေးသာဆောင်ထားကြဟေ့
Thet Htet Zaw - T Zip